မြောက်ဥက္ကလာပ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာများသွားရောက်ရာတွင် အသုံးပြုနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများကို ယမန်နေ့ နံနက် ၁၀နာရီက အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများကို OSC ဆေးရုံမှ(၅)စုံ၊ ဦးခင်မောင်အေးမိသားစုမှ (၁၀)စုံ၊ ကိုဗစ်-၁၉ ညွှန်ကြားချက်များကို မိတ္တူကူးယူ ဖြန့်ဝေနိုင်ရန်လိုအပ်သည့် A4 paper (၅)ထုတ်၊ ရပ်ကွက်ရုံး ဝန်ထမ်းများအတွက် ဒေါ်ကြည်ကြည်အေး(ကြက်/ဘဲဥ ရောင်းဝယ်ရေး) မိသားစုမှ ဘဲဥ အလုံး(၆၀)တို့ကို လှူဒါန်းခဲ့ရာ (င)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်နှင့် ရုံးအဖွဲ့များက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၄ ရက်နေ့ ည(၈:၀၀)တွင် ထုတ်ပြန်ခဲ့သည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ နေထိုင်သည့် လမ်းရှိ မိသားစုများ အတွက် လိုအပ်သည့် စားသောက်ကုန်များဝေငှခြင်းကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အညီ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)