ချောက်မြို့နယ်တွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များ ဈေးကွက်အတွင်း ‌ထပ်မံ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး

ချောက် စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်စည်ပင်သာယာရေးမြို့မစျေးကြီးအတွင်း ရောင်းချနေ သောဈေးဆိုင်များတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များဈေးကွက်အတွင်း ‌ထပ်မံ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်မှ စားသုံး ရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်အမှတ်တံဆိပ်(၄)မျိုးဖြစ်သည့် လာရှိုးအမှတ်တံဆိပ် ပဲငပိ၊ ဘုတ်ဆုံမအမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေကံ့ကော်အမှတ်တံဆိပ် အရောင်တင်မှုန်၊ ရွှေကံ့ကော် အမှတ်တံဆိပ် ငရုတ်အလှော်မှုန့်များအား စျေးကွက်အတွင်း ထပ်မံရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ် ဆောင် ရွက်ခြင်းနှင့်အသိပညာပေးခြင်းကို ချောက်မြို့နယ် စည်ပင်သာယာရေး‌ ကော်မတီအဖွဲ့၀င်များ၊ မြို့မစျေး ကော်မတီအဖွဲ့များနှင့် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မချို(ပြန်/ဆက်)