ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ပြည်သူများအားလုံး နေအိမ်ပြင်ပထွက်ခွာရာမှာ Mask များ တပ်ဆင်ကြရန် အတွက် မြို့နယ်နှင့် ရပ်ကွက် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဦးမြတ်စံလမ်းအတွင်းရှိ စျေးရောင်းချရာနေရာများ၌ စျေးလာဝယ်သူနှင့် စျေးရောင်းချသူ ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်နှင့် ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များက ပြည်သူများလက်ဝယ်အရောက် Mask များကို ဖြန့်ဝေပေးခဲ့ရာ Mask အခုရေ (၅၀၀) ကျော်ကို ဖြန့်ဝေပေးနိုင်ခဲ့ ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြသည်။ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည့် Mask များမှာလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာ ရှင်များမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ လှူဒါန်းပေးထားခြင်းဖြစ်ပြီး အသင်း အနေဖြင့် Mask များကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးမှုများကို ယခင်ကလဲ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး နောင်တွင်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)