ချင်းရွှေဟော်မြို့ရှိ လက်ဘက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာမှုရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်

ချင်းရွှေဟော်    စက်တင်ဘာ   

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ လက်ဘက်ရည် ဆိုင် နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယမန်နေ့  နံနက် ၁၁ နာရီအချိန်က လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ကုသရေးဦးစီးဌာန စည်ပင်သာယာရေးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး   လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် အဝင်ဝများတွင် လက်ဆေးကန်၊ Hand Gel များ ထားရှိခြင်း ရှိ/မရှိ၊ စားပွဲများတွင် ဆိုင်ထိုင်စားသောက်မည့် လူတစ်ဦးနှင့်တစ်ဦး အကြား အကွာအဝေး၊ Partition ဆောင်ရွက်ထားရှိမှု/မရှိ၊ အစားအသောက်ရောင်းချ၊ ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူအားလုံး မျက်နှာကာများနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားမှုရှိ/မရှိ၊ ဆိုင်အဝင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး နှိုးဆော် ချက် ပိုစတာများ စိုက်ထူထားခြင်းရှိ/မရှိ၊ မျက်နှာကာများနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်လာခြင်း မရှိသော စားသုံးသူများအား မျက်နှာကာများနှင့် နှာခေါင်း စည်း(Mask)များ ဈေးနှုန်းအမှန်အတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ကြပ်မတ်၍ လိုက်လံကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)