မင်းဘူး(စကု)မြို့နယ်၌ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းစစ်ဆေး

မင်းဘူး ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာစာကြည့်တိုက် လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးပင်ကန်(အရှေ့)ကျေးရွာရှိ သရဝဏ်စာကြည့်တိုက်နှင့် တောင်မန်းစံပြကျေးရွာရှိ လင်းရောင်ခြည်စာကြည့်များသို့ သွားရောက်ပြီး စာကြည့်တိုက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးရွာစာကြည့်တိုက်ကော်မတီမှ တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်၊ စာငှားလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သုတ၊ ရသ၊ စာအုပ်စာစောင်များနှင့် စားငှား၊ စာဖတ်လုပ်ငန်းများ အစဥ်တိုးပွာရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက ကြီးပင်ကန်ကျေးရွာအနီးရှိ အောင်ပင်လယ် လျှပ်စစ်ရေတင်လုပ်ငန်းခွင်သို့ သွားရောက်ပြီး သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်မှု၊ ကွင်းအမှတ်(၁၃၀၉)ရှိ တောင်သူဦးမြင့်ရွှေ၏ ယာမြေ (၅)ဧကအတွင်း ဆီထွက်သီးနှံအဖြစ် မိုးမြေပဲစိုက်ခင်းစိုက်ပျိုးထားရှိမှု၊ စိုက်ခင်းအတွင်း ပဲစဉ်းငုံသီးညှပ် စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ အိုင်းမရေလွှဲဆည်မှ တောင်မန်း မြောင်းမကြီးရှိ ဆည်ရေသောက်ဧရိယာများနှင့် တောင်မန်းလက်တန်(၃)မြောင်းတွင် ဒေသခံတောင်သူများ ယခုနှစ် စိုက်ပျိုးရာသီအတွက် မိုးစပါးစိုက်ပျိုးရန် ဆည်ရေများပေးဝေနေမှုနှင့် ကုန်းသာကျေးရွာ ကွင်းအမှတ်(၁၂၉၅-ခ)ရှိ ဒေသခံတောင်သူ ဒေါ်မြမြ၏ စိုက်ဧရိယာ (၄ ဒဿမ ၂၅) ဧကအတွင်း မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မိုးစပါး၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများ သီးထပ်၊ သီးညှပ် စိုက်ပျိုးလုပ်ကိုင်နေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြမှုများအပေါ် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)