ခိုလမ် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက် အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အဆိုပါကျောင်းရှိ မြတ်ရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ခိုလမ်)၊ ကျောင်းအုပ်ဆရာကြီးဦး ကျော်စိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အထက်တန်း(ပြ) ဆရာမဒေါ်နန်းမြဦးမှ ယနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာတိုးတက်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နည်းမျိုးစုံဖြင့် လိမ်လည်ခံရသူများမရှိစေရေးအတွက် ကျောင်းသား/ကျောင်းသူများ သတိပြုဆင်ခြင်နိုင်စေရေး၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး ပညာပေးဗီဒီယိုကလစ်များ ပြသပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)