မိုင်းခတ် ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လှဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးထက်အောင်နှင့် ကျန်းမာရေး ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ခြင်အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေလှောင်ကန်များ၊ ရေတွင်းများ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများ စသည့် ခြင်ဖြစ်စေသည့် ပိုးလောက်လန်းများ ပေါက်ပွားနိုင်သည့် နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)