မော်လိုက် ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူ့အားကစားရုံမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအား ကစားသမားများက ဘင်ခရာတီးဝိုင်းများဖြင့် အလေးပြုခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ကစားသမားများက အားက စားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး အားကစားကွင်းသို့ ထွက်ခွာ ခဲ့ကြသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၀)သင်း၊အမျိုးသမီးအသင်း(၅)သင်းတို့ အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပွဲဦးထွက်အဖြစ် လျှပ်စစ်အသင်းနှင့် သစ်ထုတ် ရေးအသင်း တို့ယှဉ်ပြိုင်ကြရာ လျှပ်စစ်အသင်းက သစ်ထုတ်ရေး အသင်းကို အနိုင်ရရှိခဲ့ကြောင်းသိရသည်၊၊
ကိုထက်(ပြန်/ဆက်)