နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ရုံးဝတ်စုံများထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ရုံးဝန်ထမ်းများအား ရုံးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအတွင်းသို့ လာရောက်မည့် ပြည်သူများအနေဖြင့် ခရီးသွားထောက်ခံချက်ပါ ရှိရန်လိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားထောက်ခံ ချက်များ ပါရှိခြင်းရှိ၊ မရှိတို့အား စစ်ဆေး လျက်ရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ လာရောက်မည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ခရီးသွားထောက်ခံချက် ပါရှိရန် လိုအပ်နေကြောင်း သိရသည်။

သီပေါမြို့၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ Facility Quarantine Centre အဖြစ် ပြင်ဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Facility Quarantine Centre အဖြစ် ပြင်ဆင် ဆောင်ရွက်ခြင်းကို နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဆရာတော် ဦးပညာသီရိ ဦးဆောင်သော သံဃာတော်များ၊ ရှင်သာမဏေများနှင့် ရေကြည်တော်ဝတ် အသင်းသားများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်း က သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးဝင်း အတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ထိန်းချုပ်ရေး ကော်မတီ အစည်းအဝေး ကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ပြုလုပ်သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့မှု (Contact Tracing) ရှိ/မရှိ တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့မှုရှိ/မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ယခုလ (၇)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သော ‌တော်ပုလွဲရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ Facility Quarantine တွင် အသွားအလာကန့်သတ်စောင့်ကြည့်သူ ၂၇ ဦးရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine) ၂ ခုဖြစ်သည့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ရက်ကန်းကျောင်းတို့တွင် ယမန်နေ့အထိ စာရင်းအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ စုစုပေါင်း ၂၇ ဦး ရှိကြောင်း သိရသည်။

မြောင်မြို့တွင် mask တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသွားလာသူများအား အရေးယူဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင်မြို့နယ်ကို ဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ နေအိမ်ပြင်ပထွက်သူများ mask တပ်ဆင်အသုံး မပြုပါက အရေးယူဆောင် ရွက်လျက် ရှိကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မင်းသုဝဏ်ဖောင်ဒေးရှင်းက နှာခေါင်းစည်း(mask)များသွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း (mask)များကို မင်းသုဝဏ်‌ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ငွေကြေးများ သွားရောက်ပေးအပ်ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အစီစဉ်အရ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း က ကွတ်ခိုင်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရှိ မသန်စွမ်းသူ (၂၅)ဦးအား အိမ်တိုင်ရာရောက် ငွေကြေးများ သွားရောက်ထောက်ပံ့ပေးအပ်သည်။

ဖျာပုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးခြင်းနှင့် Maskများ တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်/ ယခုတပ်စနစ် ဆောင်ရွက်မှုများကို နေ့စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Subscribe to