မြောင် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင်မြို့နယ်ကို ဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ နေအိမ်ပြင်ပထွက်သူများ mask တပ်ဆင်အသုံး မပြုပါက အရေးယူဆောင် ရွက်လျက် ရှိကြောင်းသိရသည်။
"ကျွန်တော်တို့အနေဖြင့် mask တပ်စေရေးအတွက် အသိပညာပေး လုပ်ငန်းများဖြစ်သည့် mask များကို ပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်၊ နေအိမ်ပြင်ပသို့ထွက်ရင် mask တပ်ဆင်ပြီးမှ သွားပါရန် အသိပေးဆောင်ရွက်ခဲ့ပါတယ်၊ ကျွန်တော်တို့ အနေဖြင့် ရပ်ကွက်ကျေးရွာများသို့လည်း နေအိမ်အပြင်ထွက်လျှင် mask များတပ်ဆင်ပြီးမှ ထွက်စေရန် အကြောင်းကြားစာများနှင့် အသံချဲ့စက်ဖြင့်လည်း အသိပေးကြေငြာပြီး ဖြစ်ပါတယ် ယနေ့တွင် mask တပ်ဆင်မှုမရှိဘဲ သွားလာ သူများအား ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပါတယ်" ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမိုးမြင့်သူကပြောပြ၍ သိရသည်။
မြောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီမှ mask များကို အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် mask တပ်ဆင်ခြင်း မရှိသူများအား ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ကိုကို