နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

ဒုံဟီး  စက်တင်ဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ထိန်းချုပ်ရေး ကော်မတီ အစည်းအဝေး ကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာမျိုးရှိန်က အဖွင့်အမှာစကားပြောကြားပြီး ဒုံဟီးမြို့ ဆရာဝန် ဒေါက်တင်ထွန်းအောင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားကာ မြို့အတွင်းပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ စသည့်တို့ကို ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြို့ကို ဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်မှု ကော်မတီဝင်များ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုပြင်းထန်လာသည်ဖြစ်၍  ပြည်သူများမဖြစ်မနေ အပြင်သွားလာပါက နှာခေါင်းစည်း Mask များ တပ်ဆင်အသုံးပြုရန် တာဝန်ရှိသူတို့က   မြို့ပေါ်(၃)ရပ် ကွက်အတွက် Mask (၁၀၀) ခု၊ Fhield (၂၀၀) ခု၊ စုစုပေါင်း (၃၀၀) ခုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်းရှေး ( ပြန်/ဆက် )