ဥက္ကံမြို့တွင် စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေရေး စစ်ဆေး ကြပ်မတ်

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား စက်တင်ဘာ လ ၈ ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်းဖောက်လုပ်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်း ဖောက်လုပ်မည့် ကျေးရွာများသို့ တာဝန်ရှိသူ များက ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား သီတဂူစက္ခုဒါနဆေးရုံ၌ ထားရှိ ကုသပေးသွားမည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား အိုးအိမ် ဝန်ထမ်းအိမ်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ ဖားကန့် သီတဂူစက္ခုဒါန ဆေးရုံသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လွှဲပြောင်းကုသပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်(၂:၀၀)နာရီက မြို့နယ်ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ ပြည်သူများအတွက် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၆)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ နေရပ်ပြန်(၉)ဦးအား Facility Quarantine သီးသန့်နေထိုင်စောင့်ကြည့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရေကျော်ကျေးရွာ ( ၂ ) ဦး ဘုမ္မတီးကျေးရွာ (၁) ဦး ၊‌ ဇရပ်ကြီးကျေးရွာ(၄)ဦး၊ ကင်မွန်းချုံကျေးရွာ(၁)ဦး ၊ လှည်းလမ်းကူး (၁) ဦး စုစုပေါင်း (၉)ဦး တို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ (၅ ) နာရီခွဲက ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါပုံမြို့နယ်တွင်   မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များသို့ နှာခေါင်းစည်း Mask၊ Hand Gelနှင့် မျက်နှာကာများ ပေးအပ်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်  အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော နှာခေါင်းစည်း(Mask) ၊ Hand Gelနှင့် မျက်နှာကာများကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ပေးအပ်ခဲ့ ကြောင်း သိရသည်။
Subscribe to