မယ်စဲ့မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ပြေလည်စေရန်နှင့် မိသားစုဝင်ငွေ ရရှိစေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၀)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။

ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်​   

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်ကျန်းမာ​ရေး ဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လမ်း(၄၀) အထက်ဘ​လောက်ရှိ​ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်း များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တွံတေး မြို့နယ်၊ မြို့နယ်အ​ထွေထွေရွေးကောက်ပွဲကော်​မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ သည်။

ကနီမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်းလုပ်ငန်းများအား စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း လုပ်ငန်းများကို ဩဂုတ်လ ဒုတိယပတ်တွင် စတင်အကောင်အထည်ဖော်

ဒုတိယအကြိမ် မဲစာရင်းများ ကြေညာနိုင်ရေး ရွာငံမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းများ ထပ်မံစိစစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ကြေညာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ထပ်မံစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်အောင်မြို့တွင် အသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနသို့ HARP-F နှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (CDA)တို့မှ အသံချဲ့စက်နှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်က မြို့နယ် ပြန်/ဆက် ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့်အနီးကပ် ထိတွေ့မှုရှိ၊ မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်းရှာ ဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပန်းဘဲတန်း စက်တင်ဘာလ ၉

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိ၊မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်း ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို အမှတ်(၅)ရပ်ကွက်၊ (၂၈)လမ်းအထက်ရှိနေ အိမ်များတွင် ယမန်နေ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ ဘော်ဘင်ဆည်အတွင်း ငါးသားပေါက်ကောင်ရေ  (၁)သိန်းကျော် စိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတပေါကြွယ်ဝစေရန်နှင့် ကိုဗစ်−၁၉ ကာလအတွင်း ငါးရိက္ခာများ

ဘုတလင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး မဟာဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to