မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရေး ညွှန်ကြားချက်များအား ညစဉ်လှည့်လည်ကြေညာ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိသင့်သိထိုက်သော လိုက်နာရမည့် အမိန့်များနှင့် ညွှန်ကြားချက်များအား ရပ်ကွက်များ အတွင်း ညစဉ်လှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေး စစ်ဆေးပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က အပြင်ပဒံကျေးရွာအတွင်း အိမ်တိုင်ရာ ရောက် လိုက်လံဆောင်ရွက်ပေးသည်။

သန်လျင်မှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား အောင်မင်္ဂလာစာဖတ်ခန်းနှင့် ပရဟိတ အဖွဲ့က ဦးဆောင်၍ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့ နံနက်က အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် ရပ်ကွက်အတွင်း နေထိုင်သူ တက္ကသိုလ် ဝင်တန်း ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး စုစုပေါင်း(၁၉)ဦးတို့ အား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပင်းတယမြို့ ရွှေဓနုကိုယ့်အားကိုယ်ကိုး ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်  ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲနှင့်

ကဝမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကဝမြို့နယ် အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်၌ KFW Bank မှ လှူဒါန်းသည့် ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ် (အဆင့်-၄) အဖြစ် ဆောင်ရွက်နေသည့် မီးသွေးချောင်းကျေးရွာမှ အင်းတိန်အထိ (၁၉.၄)ကီလိုမီတာ ကတ္တရာလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ ခရီးသွားလာမှု နည်းပါးသည့်အတွက် သန်လျင်မြို့နယ်အတွင်း Taxi ယာဉ်များ စီးနင်းသူနည်းပါး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိပြီး နောက် ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်မှုများရှိနေခြင်းကြောင့် အရေးကြီးကိစ္စရပ် များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း Taxi ယာဉ်ဌားရမ်း စီးနင်းမှုနည်းပါးကြောင်း သန်လျင် ဖို့မြေဂိတ်မှ အဌားယဉ်မောင်း ကိုစည်သူကပြောသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများ နေအိမ် အပြင်ထွက်ပါက

သာယာဝတီမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီအတွင်းရှိ  ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း  အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Subscribe to