စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအတွင်းသို့ လာရောက်မည့် ပြည်သူများအနေဖြင့် ခရီးသွားထောက်ခံချက်ပါ ရှိရန်လိုအပ်

ခန္တီး   စက်တင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားထောက်ခံ ချက်များ ပါရှိခြင်းရှိ၊ မရှိတို့အား စစ်ဆေး လျက်ရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ လာရောက်မည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ခရီးသွားထောက်ခံချက် ပါရှိရန် လိုအပ်နေကြောင်း သိရသည်။

ခရီးသွားထောက်ခံချက်ကို အသွား၊ အပြန်အတွက် လိုအပ်မည်ဖြစ်ပြီး အသွားထောက်ခံချက်မှာ ပြည်ပနိုင်ငံ များနှင့် ပြည်တွင်း (Stay at Home) နေရာမှ ပြန်လာသူမဟုတ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြစ်ပြီး အပြန်ထောက်ခံချက်မှာ သွားရောက်သည့် နေရာ သို့ ရောက်ရှိကြောင်း အမှန်တကယ် သတင်းပို့ကြောင်းနှင့် ပြန်လည်ထွက်ခွာသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြစ်ကြောင်း သိရသည်။

အမ်းအင်းလမ်း ( ပြန် /ဆက် )