ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မင်းသုဝဏ်ဖောင်ဒေးရှင်းက နှာခေါင်းစည်း(mask)များသွားရောက်လှူဒါန်း

ကွမ်းခြံကုန်း စက်တင်ဘာ ၉


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း (mask)များကို မင်းသုဝဏ်‌ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
လှူဒါန်းပွဲတွင် မင်းသုဝဏ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်စိုးတို့က နှာခေါင်းစည်း (mask)(၂၅၀၀)ကို လှူဒါန်းရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းကလက်ခံရယူပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး  ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ ထို့နောက်လှူဒါန်းမှု အတွက်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ရာ မင်းသုဝဏ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကလက်ခံရယူခဲ့ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)