မြဝတီမြို့နယ်တွင်ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Servey)များကောက်ယူရေးလုပ်ငန်းများဆောင်ရွက်

မြဝတီ သြဂုတ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ထိုင်းမြန်မာချစ်ကြည်ရေးအမှတ်(၁)တံတား၌ ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ နိုင်ငံတကာခရီးသွားဧည့်သည်များ၏ဝိသေသလက္ခဏာရပ်များကို သရုပ်ဖော်ရန်၊ ခရီးစဥ်ဒေသများသို့လာရောက်ရခြင်းရည်ရွယ်ချက်များ၊ ခရီးသွားလာမှုအနေအထား၊ နေထိုင်မှုကာလနှင့်အသုံးစရိတ်ဝန်ဆောင်မှုများအပေါ်စိတ်ကျေနပ်မှုအနေအထားများကိုသိရှိနိုင်စေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Survey)များ ကောက်ယူခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မြဝတီ)ကရင်ပြည်နယ်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးသန့်ဇင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ချောကြည်ကြည်၊ လူဝင်မှုကြီးကြပ်ရေးမှူး(မြဝတီ)ကရင် ပြည်နယ်၊ ဦးအောင်ရဲသူ၊ မြဝတီမြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ဦးစီးအရာရှိဦးညီမင်းသူ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးဦးထွန်းထွန်းနိုင်နှင့်ရဲအုပ်ဦးနိုင်ထွန်းတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝင်ထွက်ဂိတ်ရှိသည့်မြဝတီ မြို့တွင်ပြည်ဝင်ခရီးသွားဧည့်သည်များ၏အချက်အလက်များကောက်ယူခြင်းလုပ်ငန်းနှင့်ဟိုတယ်များတွင်တည်းခိုသော ပြည်ဝင်ခရီးသွားများထံမှ QR Code ဖြင့် Online Survey ကောက်ယူခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)