ရွှေဘို သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ ဆေးရုံဝင်းအတွင်း)တွင် လစဉ်တစ်နှစ်အောက်ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးပေးခြင်း(EPI)၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ vitamin A ဆေးလုံးတိုက်ကျွေးခြင်း၊ အဏု အာဟာရမှုန့်ဖြန့်ဝေထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး (Td) ထိုးပေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုလတွင်လဆန်း(၁)ရက်နေ့မှ(၄)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လစဉ်ရွှေဘိုမြို့နယ်အပါအဝင်ဝက်လက်၊ ခင်ဦးနှင့် အခြား မြို့နယ်များမှလာရောက်ထိုးနှံကြပါသည်။
သို့ဖြစ်ရာ လာရောက်ထိုးနှံသည့်ကလေးမိဘများ၊ ကိုယ်ဝန်ဆောင်မိခင်များအား(သွေးလွန်တုပ်ကွေး/ဝမ်းလျှောဝမ်းပျက်/ကိုဗစ်-၁၉၊ရာသီတုပ်ကွေးအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ/အခြားကူးစက်ရောဂါ/မကူးစက်သောရောဂါများစသည်)ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့နယ် သူနာပြုသင်တန်းကျောင်းမှ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာဘာသာရပ်အတွက် လက်တွေ့ကွင်းဆင်းလေ့လာသော (ဒုတိယနှစ်)သင်တန်း သား/သင်တန်းသူများမှလည်း EPI ကာကွယ်ဆေးထိုးလုပ်ငန်းများကို လက်တွေ့လေ့လာဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)