မော်လမြိုင် ဩဂုတ် ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်စန်းမြင့်က Facebook ၊ Viber ၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြု ရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်ဌေး၊မြို့မရဲစခန်းမှူး ဒု-ရဲမှူး ကျော်လှထွေး၊ စစ်ကဲကုန်းနယ်မြေစခန်းမှူး ရဲအုပ် စောမျိုးလင်းတို့က အွန်လိုင်းလိမ်လည်မှု မခံကြစေရေး ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အကြောင်းအရာများ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့က အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် လန်ချမ်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ဗီဒီယို ၂ ခုအား ကျောင်းသား၊ ကျောင်းသူများကို ပြသခဲ့ပြီး ဗီဒီယိုမှရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းများဖြစ်ကြသည့် အ.ထ.က(၈) မှ ကျောင်းသူ ၃၀၀ ဦး၊ အ.လ.က(၁)မှကျောင်းသား/သူ ၃၀ ဦး၊ အ.ထ.က(၁၀)မှ ကျောင်းသား/သူ ၂၅၀ ဦး၊ အ.ထ.က(၄)မှ ကျောင်းသား/သူ ၂၅၀ ဦး၊ စုစုပေါင်း ကျောင်းသား/သူ ( ၈၃၀ )ဦးအားအသိပညာပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)