ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များများသည် ယမန်နေ့နံနက်ပိုင်းက တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်းလမ်း ယာဉ်ကြီး/ ယာဉ်ငယ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ တုံတာမြို့တွင်း ကတ္တရာကွန်ကရစ်(AC)လမ်းသည် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းပုခုံးပဲ့ကျမှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းအထူးအဖွဲ့(၃)နှင့် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုပျက်တောက်မှုမရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေပယ်(ထက်)-ရေဦး(မြောက်) ကျောက် ချောလမ်း (၀/၄)မိုင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဒေသတွင်းရှိကျေးလက်ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဩဂုတ်(၃)ရက်နေ့တွင် ရေပယ်(ထက်)-ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သတ္တမအကြမ်မြောက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးခြင်ကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်း ဝဲဘက်ခြမ်း စုပေါင်းရုံးရှေ့ရှိ မြေဧရိယာ(၂.၂၅)ဧကတွင် စိုက်ပျိုးသည်။

တွံတေးမြို့တွင် ၂၀၂၅ ခုနှစ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်တွင် ၂၀၂၅ ခုနှစ် တွံတေးမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ​​ယမန်နေညနေ(၃)နာရီအချိန် တွံတေးမြို မြို့မအားက စားကွင်း၌ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးဖွင့်လှစ်သော ကုန်ပစ္စည်းမျိုးစုံအ‌ရောင်းဆိုင်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှဦးစီးဖွင့်လှစ်သော  ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ၌ အမှတ်(၇)ရပ်ကွက် တေးဥယျာဉ်လမ်းမနှင့်တေးဥယျာဉ်(၁၅)လမ်းထောင့်တို့တွင် ကုန်ပစ္စည်းမျိုးစုံ အရောင်းဆိုင်များဖွင့်လှစ်သည်။

လှည်းကူးမြို့နယ်၌ မွေးကင်းစမှ အသက် ၂ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့်  ရောဂါ ဘယကင်းရှင်းစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကမွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပြည်သူ့ဆေးရုံနှင့်စုရပ်အသီးသီးတို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးသည်။
Subscribe to