ဗိုလ်တထောင်မြို့နယ်တွင်နှာခေါင်းစည်းများနှင့် Hand Gel ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗိုလ်တထောင်   စက်တင်ဘာ   ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင် ရန်အတွက် မြို့နယ် တွင် လူအသွားအလာများသော နေရာများ၌ ယမန်နေ့နံနက်(၈)နာရီကနှာခေါင်း စည်းများနှင့် hand gel ဗူးများကိုဖြန့်ဝေခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ တိုင်းဒေသကြီး၊ ခရိုင်၏ညွှန်ကြားချက်အရ ပြည်သူများ သို့နှာခေါင်းစည်းနှင့် hand gelဗူးများဖြန့်ဝေမှုကို ကားဂိတ်များနှင့်လုပ်ငန်းခွင်သို့ သွားရောက်သည့်ပြည်သူများ သို့အခမဲ့ဖြန့်ဝေခဲ့သည်။ ပြည်သူများအားနှာခေါင်းစည်း(၃၀၀၀)ခုနှင့် hand gel (၅၀)ဗူးကို ဖြန့်ဝေခဲ့ရာ stay at home ကာလတွင်ဒုတိယအကြိမ်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီ ဥက္ကဋ္ဌဦးစိန်သောင်းက ပြောကြားသည်။

ထိုသို့ဆောင်ရွက်မှုကိုမြို့နယ် အဆင့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့် ပြန်ရေးကော်မတီဝင်များ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသောညွှန်ကြားချက်များကိုလိုက်နာရန်၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်အရှိန်အဟုန် မြှင့်၍ဆောင်ရွက် သကဲ့သို့မြို့နယ် အတွင်းရှိလူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ ဈေးများ၌လည်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)