စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို အိမ်တိုင်ရာရောက် ထုတ်ချေးပေး

ရွှေဘို စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုမြို့နယ်၊ ကြောင်ပန်းကန်ကျေးရွာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို အိမ်တိုင်ရာ ရောက် ထုတ်ချေးပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုရန်ပုံငွေများကို  မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်းအသင်းဝင်များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ကျရန်၊ ထုတ်ချေးပေး သည့် ချေးငွေများကိုလည်း မိမိတို့လုပ်‌ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်ထိရောက်စွာ အသုံးပြုကျရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တစ်အိမ်တက်ဆင်း ပြောကြား၍  လိုက်လံထုတ်ချေး ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။

အဆိုပါ ကြောင်ပန်းကန်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ပဉ္မနှစ်သက်တမ်းအတွက် စိုက်ပျိုးရေး (၉၅)ဦး ၃၄၂၀၀၀၀၀/ မွေးမြူရေး(၂၉)ဦး ၇၂၅၀၀၀၀/ သက်မွေး(၁၂)ဦး ၂၄၀၀၀၀၀/ စုစုပေါင်း(၁၃၆)ဦး ၄၃၈၅၀၀၀၀ အား ကျန်းမာ‌ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အိမ်တိုင်ရာရောက်စနစ်ဖြင့် ထုတ်ချေးခဲ့သည်။

ထွန်းမြင့်အောင် (ရွှေဘို)