ကျိုက်မရော စက်တင်ဘာ ၁၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရော ဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးတို့က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မြင့်က ယခုအ ချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း များပြား လာသည့် အတွက် မော်လမြိုင်မြို့နှင့် နီးကပ်လျက်ရှိသော ကျိုက်မရောမြို့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားသူ မရှိသေးသော်လည်း ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိမိကျေးရွာ၊ မိမိပတ်ဝန်း ကျင်သို့ ရခိုင်နှင့် ရန်ကုန်ပြန် ခရီးသွားလာသူများကို အထူးကြပ်မတ်စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ လူ အများ သွားလာရာ ဘတ်စ်ကားမှတ်တိုင်များ၊ ကယ်ရီဂိတ်များ၊ လမ်းသွားလမ်းလာများကို ရောဂါပြန့် ပွားမှုမရှိစေရေး နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် အသုံးပြုနိုင်ရေး စီစဉ်ပေး ရန်နှင့် လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ချိုချို(ပြန်/ဆက်)