ရေဦး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်တွင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ စက်တင်ဘာလဆန်း မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွား မှု ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကန့်သတ်စောင့်ကြည့်စင်တာ ၀င်ရောက်နေသူများ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ရန် ၎င်းတို့၏ (Swab ) များရယူ ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်မှုနှုန်း များပြားလာသည်ဖြစ်၍ မြို့နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ပညာပေးကာလအဖြစ် အများပြည်သူ၀င် ထွက်သွားလာလျက်ရှိသောမြို့မ စည်ပင်သာယာဈေးကြီး၊ ယာယီပျံကျ ဈေး၊ မြောက်ဈေး လေးနှင့် မြို့၀င်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် နှာခေါင်းစည်း တပ်သည့် အလေ့အကျင့် ရရှိစေရေး Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း ကျန်းမာ ရေး ဆိုင်ရာသရုပ်ပြဖျော်ဖြေ ပေးခြင်းတို့ကို လေးကြိမ်ပြုလုပ်ခဲ့သည်။
ပညာပေးကာလအလွန် စက်တင်ဘာ ၁၂ ရက်နေ့မှစ ၍ စောင့်ကြည့် စစ်ဆေး အရေးယူ အပြစ်ပေးခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှာခေါင်းစည်း မတပ်သူများ ကို ပြစ်ဒဏ်အနေဖြင့် Mask တစ်ခုကို ငွေကျပ်တစ်ထောင်ဖြင့် ၀ယ်ယူစေခြင်း၊ နေ့စဉ်နံနက် ၇ နာရီမှညနေ ၄ နာရီအထိ စစ်ဆေးရေး ဂိတ်ထားရှိ စောင့်ကြည့်စစ်ဆေး မှုများ ပြုလုပ်နေ ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ပိုးတွေ့ဒေသမှပြန်လာသူများကို ခရီးသွားရာဇ၀င်မှတ်တမ်းများဖြင့် စိစစ်ကာ Base Facility Quarantine Centre ၀င်ရောက်ခြင်း၊ Stay Home နေထိုင်စေခြင်းများ စီစဉ် ဆောင်ရွက်ထားသည်။ စောင့်ကြည့်ကာလ ငါးရက်ပြည့်မြောက်သည့်နေ့ စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဌာန ဓာတ်ခွဲကျွမ်း
ကျင်၀န်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေး ဌာန၊ ဌာနခွဲ အသီးသီးမှ ၀န်ထမ်းများက Quartine Centre ၀င်ရောက်လျက်ရှိသူ ၆၀ ဦးအား ကိုဗစ် -၁၉ ရောဂါးပိုး ကူးစက်ခံထားရခြင်းရှိမရှိ သိရှိနိုင်ရန် ၎င်းတို့၏ အာခေါင်နှင့် နှာခေါင်းတို့ ပတ် (Swab) များရယူ၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခဲ့ကြောင်း ဦးသန်းထိုက်အောင် ကျန်းမာရေးမှုးအဆင့် (၁) ၏ ပြောပြချက်အရ သိရှိရပါသည်။
သန်းထိုက် (ရေဦး)