မင်းကင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ် သင်္ဘောကျေးရွာအုပ်စု ကမ်းပြည့်ကျေးရွာတွင် ကလေး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့်မြို့နယ်မျိုးစေ့ တာဝန်ခံ ဒေါ်စန်းစန်းဝင်းတို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စိုက်ပျိုးထား သော လယ်ကွင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းခဲ့ကြကြောင်းသိရသည်။၊
ထိုသို့ဆောင်ရွက်ရာတွင် ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့တာဝန်ခံ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှမျိုးစေ့တာဝန်ခံ၊ ဒုတိယဉီးစီးမှူးနှင့်ဝန်ထမ်းများက သင်္ဘောကျေးရွာအုပ်စု ကမ်းပြည့် ကျေးရွာမှ မျိုးစေ့ထုတ်တောင်သူနှစ်ဉီး၏ စိုက်ခင်း (၆)ဧက၌ မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားပေါင်း မျိုးကွဲ စစ်ဆေးခြင်း နည်းပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ မျိုးကွဲစုပယ်ခြင်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့် ငါးဆယ်ရာခိုင်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းအားလုံး (၃)ကြိမ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခု အကြိမ် ဆောင်ရွက်ခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ပင်ပွားစုံချိန်ဟု ခေါ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှဦးစီးအရာရှိဉီးချစ်ကိုကိုက ပြောကြားခဲ့သည်။
လှငွေ(မင်းကင်း)