ချောင်းဆုံ စက်တင်ဘာ ၁၅
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ချောင်းဆုံမြို့ ကျွန်းသာ ယာခန်းမတွင် ကျင်းပသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝင်းသန္တာထွေးက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ဝင်များနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များ ဆွေး နွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် မဲစာရင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ် လာပါက ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့် အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်သည့် အချက်များစသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များအကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)