ဝေါလေမြိုင် စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်တို့ တွင် သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၄၃၆)စု နှင့် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၁၂)စုတို့အား အိမ်ထောင်စုတစ်စု လျင် နှစ်သောင်းကျပ် နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ဝေါလေမြိုင်ဒေသအတွင်းရှိ အိမ်ထောင်စု (၁၀၉၄)စုအတွက် ထောက်ပံ့ငွေစုစုပေါင်း (၂၁,၈၈၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)