သံတောင်ကြီး စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က သံတောင်ကြီးမြို့ အ.ထ.ကကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ပြု လုပ်သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကားရှယ်က ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မှန်ကန်ပြည့်စုံသော မဲစာရင်းရရှိရေး ဆောင် ရွက်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း ၊ရပ်ကွက်၊ ကျေးရွာအုပ်စု အလိုက်မဲရုံများ စီစဉ်ဆောက် လုပ်ခြင်း၊ မဲရုံအဖွဲဝင်များနှင့်မဲစာရင်းစာအုပ်စီစဉ်ဆောင်ရွက်ခြင်း ၊ မဲရုံ ကိုယ်စား လှယ်နှင့် အတူ ကိုယ်စားလှယ် ခန့်ထားခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံထဲသို့ဝင်ခွင့်ရှိသူများ၊ရွေးကောက် ပွဲ ဆိုင်ရာ ပြစ်မှုများနှင့်ပြစ်ဒဏ်များ၊ အင်တာဗျူးဖြေဆိုရာတွင် အခြေခံအားဖြင့်ဆောင်ရန်များနှင့်၊ ရှောင်ရန်များကိုဆွေး နွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကိုသံတောင်ကြီးမြို့ပေါ်(၅)ရပ်ကွက်နှင့် သံတောင်ကြီးမြို့ရှိ ကျေးရွာ အုပ်စု(၇) အုပ်စုမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း(၃၆)ဦးတက်ရောက် ပြီး သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်ညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်