လားရှိုး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် နှစ်နေရာ ခွဲ၍ တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက သင်တန်းဖွင့်လှစ် ဆောင်ရွက်ရသည့် အကြောင်းနှင့် သင်တန်းတွင် သင်ကြားပို့ချမည့် အခန်း ကဏ္ဍများကို ရှင်းလင်းပြောကြား ပေးခဲ့သည်။ အဆိုပါ သင်တန်းကို နှစ်နေရာခွဲ၍ မနက်ပိုင်းတွင် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စု မှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ (၈၇)ဦးနှင့် နေလယ်ပိုင်းတွင် ကျေးရွာအုပ်စု(၂၄)အုပ်စု မှ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူ(၇၂) ဦးတို့အား (၂)ရက်ကြာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)