ခန္တီး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့လယ်က အိမ်တိုင် ရာရောက်ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးခြင်းကို ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မူမူထွန်းနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့ပေါ်အုပ်စုစာရေးတို့ပူးပေါင်း၍ ခန္တီးမြို့ပေါ်ရပ်ကွက်ရှိ ဇီးဖြူကုန်း၊ မြို့မ၊ ပေါမိုင်းရပ် ကွက်တို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၆ ဦးကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအaတွက် တစ်လလျှင်ငွေကျပ်တစ်သောင်းနှုန်းဖြင့် ငွေကျပ်သုံးသောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ မသန်စွမ်းသူ ၃၇ ဦးတို့အား တစ်နှစ်စာအတွက် ငွေကျပ် သုံးသောင်း နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ခန္တီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွား ၅၁ ဦးနှင့် မသန်စွမ်းသူ ၂၃၂ ဦးရှိကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)