ပန်လုံ စက်တင်ဘာ ၁၇
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပန်လုံမြို့၌ ပန်လုံမြို့ပရဟိတလူမှုကူညီရေးအသင်းမှ Facility Quaratine ဝင်နေသူများကို ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အရေးပေါ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရန်ပုံငွေများ မတည်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ပန်လုံမြို့ ပရဟိတလူမှုကူညီရေးအသင်းကိုယ်စား ဦးကွမ်းရှူးက လှူဒါန်းရခြင်း၏ ရည်ရွယ်ကို ပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း က ပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
လှူဒါန်းမှုမှ Facility Quaratine ဝင်နေသူ(၂၃)ဦးအတွက် ဆန်(၁၂)ပြည်ပါ ၂၄အိတ်၊ ဆီ(၂)ပိဿာဗူး (၂၄)ဗူး၊ ရေ(၂၄)ကဒ်၊ ကြက်ဥ(၂၄)ကဒ်၊ အသင့်စားငါးဗူး(၂၄)ကဒ်၊ အသင့်စားခေါက်ဆွဲခြောက် (၂၄)ဖာ၊ MasK (၅၀)ခုပါ (၁၂၀)ဗူး စုစုပေါင်းပစ္စည်းတန်ဖိုးငွေ (၁၃၆၈၀၀၀)ကျပ် နှင့် ကိုဗစ်-၁၉ ရောဂါကာလ အရေးပေါ်အသုံးပြုနိုင်ရေးအတွက် ငွေသား(၁၀)သိန်းကျပ်တိတိ ဖြစ်ပါသည်။ ထို့နောက် Facility Quaratine ဝင်နေသူများထံသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်လုံ (ပြန်/ဆက်)