ဇလွန်မြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ / မရှိ လိုက်လံစစ်ဆေး

ဇလွန် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဇလွန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းရှိ / မရှိ ကို  လိုက်လံစစ်ဆေးခဲ့ပြီးအဆိုပါ  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ အထိ (Take Away) ပါဆယ်စနစ်ဖြင့်ရောင်းချရမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဇလွန်)