စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ရာဇဝတ်မှုများ မဖြစ်ပေါ် စေရေး လှည့်ကင်းများ ဆောင်ရွက်

စစ်ကိုင်း စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှုး၏ ညွှန်ကြား ချက်အရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစိုးမိုးနိုင် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းမြို့နယ် အတွင်း ရာဇဝတ်မှုများ လျော့နည်း ပပျောက်ရေးအတွက် ယမန်နေ့ည(၇)နာရီက လှည့်ကင်းများ လှည့်လည် ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

"ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင် မြို့နယ်အတွင်း ရာဇဝတ်မှုတွေ မဖြစ်ပေါ်ရအောင် လှည့်ကင်း၊ ဝပ်ကင်းတွေ ချထားဆောင်ရွက်နေပါ တယ် ကမ်းနားလမ်း၊ ငါးထပ်ကြီုးဘုရာလမ်းတစ်လျောက်နဲ့ မန္တလေး- မုံရွာအမြန်လမ်းမကြီးဘေး တစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာ တွေကို လှည်းကင်းဆောင်ရွက်တယ် ရပ်ကွက်အတွင်း အချက်အခြာ ကျတဲ့နေရာတွေမှာတော့ ဝပ်ကင်း တွေ ချထားပါတယ် နောက်ပြီး ရတနာပုံတံတားအဆင်း မြို့အဝင်ဂိတ် မှာလည်း ပိတ်ဆို့ရှာဖွေရေးတွေ ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပြ၍သိရသည်။

လှည့်ကင်း/ ဝပ်ကင်းများကို စဉ်ဆက်မပြတ် ညစဉ်ညတိုင်း တာဝန်များခွဲဝေ ဆောင်ရွက်သွားမှာ ဖြစ်မှာသလို ည(၁၂) နာရီ မှ နံနက်(၄)နာရီ အထိ ညမထွက်ရအမိန့်အတွက်လည်း စည်းကမ်းနဲ့အညီ ထိန်းသိမ်းဆောင်ရွက် သွားမှာပါဟု ၎င်းကဆက်လက်ပြောပြခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်