လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားခဲ့သော အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်နှင့် ရေဥက္ကံကျေးရွာများရှိ Lock down ချခံထားရသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် လှိုင်သာယာမြို့နယ် SME လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် ရေဥက္ကံကျေးရွာများရှိ Lock down ချခံထားရ သော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် ပဲများကို သွားရောက် လှူဒါန်းကာ ၎င်း Lock down ချခံထားရသော အိမ်ထောင်စုများကို Hand Speaker ဖြင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန် /ဆက်)