ပန်ဆိုင်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ပန်ဆိုင်း (ကြူကုတ်) မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များ ရေတိုက်စား မှုရှိ/မရှိ၊ ကျိုးပဲ့ပျက်စီးမှုရှိ/မရှိ၊ ရွေ့လျားမှုရှိ/မရှိနှင့် မှတ်တိုင်စာသားများ ပျက်စီးမှုရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးပြီး မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ ပျောက်ဆုံး၊ပျက်စီးမှု မရှိစေရေးအတွက် (၃)လတစ်ကြိမ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး နယ်နိမိတ်မှတ်တိုင်များပျက်စီးပျောက်ဆုံးမှုမရှိဘဲ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး နယ်နိမိတ်မှတ်တိုင်အမှတ်(၈၈)မှ နှစ်နိုင်ငံ အထောက်အထားပြမှတ်တိုင် ၉၀-၂(၂) ထိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)