တန့်ဆည်မြို့နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

တန့်ဆည်  စက်တင်ဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင်  အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန် မဟာမြိုင်ရပ်ကွက်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လစဉ် နိုင်ငံတော်မှ ထောက်ပံ့လျက်ရှိသော လူမှုရေးပင်စင် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်း ဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွက် စုစုပေါင်းငွေကျပ်  သုံးသောင်းကို သက်ကြီး ဘိုးဘွားများထံသို့  အိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တန့်ဆည်မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၁၂၄၉) ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)