မင်းလှ(အောက်) စက်တင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နူန်းတတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးသူရိန်ထွန်းက ထောက်ပံ့ငွေများအား သက်ဆိုင်ရာ အခြေခံလူတန်းစားများလက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိရန် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအဖွဲ့က အလေးထားဆောင်ရွက် သွားကြရန်မှာကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာ (၆၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ကျပ်သိန်း ပေါင်း (၄၃၀၀) ကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များလက်ဝယ်အရောက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် အမြန်ဆုံးဖြန့်ဝေ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ