နောင်တရား စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသည့်လူနာများ၏ ကျန်းမာရေးကိစ္စအဝဝအတွက် အသုံးပြုနိုင်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက် နှင့် ချွဲစုပ်စက် (Suction Machine) ဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း က နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အလှူငွေကျပ် (၉၀၀၀၀၀)တိတိကို ပေးအပ်လှူဒါန်းပြီး နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဝတ်ရည်ဖြိုး က လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အလှူရှင်များမှ လှူဒါန်းသည့်ငွေများဖြင့် နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက် တစ်လုံးနှင့် ချွဲစုပ်စက် (Suction Machine) တစ်လုံး ဝယ်ယူအသုံးပြုသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)