ပုလဲမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအား သီးခြားထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

ပုလဲ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌   ယမန်နေ့ နံနက်  ၁၀ နာရီက  ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများအား  သီးခြားထောက်ပံ့ ငွေပေး အပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က  ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအနေဖြင့်  ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများမှာ   အတွင်းရေးမှူး တာဝန်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး လုပ်ငန်း လိုအပ်ချက်အရ ရုံးဖွင့်ရက်များသာမက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များမှာလည်း  ပူးပေါင်း ပါဝင်ဆောင်ရွက် နေရခြင်းကြောင့် ၂၀၂၀ပြည့်နှစ်၊  ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၃၀ရက်အထိ အစိုးရရုံးပိတ်ရက်ကာလ(၁၉) ရက်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ထောက်ပံ့သည့် ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုစာရေး များအား ပေးအပ်ရခြင်းကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက်  မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအား သီးခြားထောက်ပံ့ ငွေများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအတွက်  Hand   Speaker များကို ပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများက လက်ခံရယူခဲ့သည်။

အဆိုပါ     ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများအား  သီးခြားထောက်ပံ့ငွေပေးအပ်ပွဲတွင်  အစိုးရ  ရုံးပိတ် ရက် ကာလ (၁၉) ရက်အတွက် စာရေးဝန်ထမ်း တစ်ဦးလျှင် ငွေကျပ် ၉၁၂၀၀ ကျပ်နှုန်းဖြင့်  ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်း( ၆၁ )ဦးအတွက် စုစုပေါင်းငွေကျပ် ၅၅၆၃၂၀၀ကို  ပေးအပ်ခဲ့ ကြောင်းနှင့် ကိုဗစ်-၁၉ ကာလ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု(၆၁)စုအတွက် Hand Speaker (၆၁) လုံးကို ပေးအပ်ခဲ့ကြောင်း   မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)