မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ Save the Children အဖွဲ့မှ နံရံကပ်ဘုတ်(၄)ချပ်လာရောက်လှူဒါန်း

ငဖဲ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင်  ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင် နှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလူမီနီယံဘောင် အထပ် သား ကတ္တီပါစအုပ်ထားသော နံရံကပ်ဘုတ်(၄)ချပ်အား Save the Children အဖွဲ့မှ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ထိုသို့လာရောက်လှူဒါန်းရာတွင် Save the Children မှတာဝန်ခံ ဦးဇင်မင်းထက်နှင့် အဖွဲ့ကအလူမီနီယံဘောင်အထပ်သားကတ္တီပါစအုပ်ထားသောအလျား၄ပေ၊အနံ၃ပေရှိနံရံကပ်ဘုတ်(၃)ချပ်နှင့် အလျား ၄ပေ အနံ ၂ပေရှိနံရံကပ်ဘုတ်(၁)ချပ် စုစုပေါင်း(၄)ချပ်တို့အား မြို့နယ်ရုံးတွင် ဓါတ်ပုံပြပွဲ၊နံရံကပ် စာစောင်ပြပွဲနှင့် ပြိုင်ပွဲများတွင်အသုံးပြုနိုင်ရန်အတွက် လာရောက် လှူဒါန်း ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုသိန်း က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)