ပင်လောင်း စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်းတွင် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိသောကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရသည့် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု လျော့ပါးစေရေးအတွက် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ မြို့မ ရဲစခန်းရှေ့နှင့် မြို့မဈေးအတွင်းတို့၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရသည့် ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးလုပ်ငန်းများကို မြို့မရဲစခန်းရှေ့တွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းပိုင် (ပင်လောင်း)