မြန်အောင် စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့အတွင်း လမ်းဘေး ဈေးဆိုင်၊ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များအား ယမန်နေ့ မွန်းတည့် ၂ နာရီက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့အတွင်း လမ်းဘေး ဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိ၊ စက်ရုံ၊ အလုပ်ရုံများ သတ်မှတ် စည်းကမ်းအတိုင်း လိုက်နာခြင်း ရှိ/မရှိ၊ စားသောက်ဆိုင်များ(Take-Away)(ပါ ဆယ်)စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် မြို့အဝင်/အထွက် သွားလာမှု စစ်ဆေးခြင်းများကို ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်ထက် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမြတ်သူ၊ မြန်အောင်မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ဝေယံပိုင်၊ မြို့နယ်မီးသတ်ဦးစီး ဦးကိုကိုသူ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဇော်မင်းထွန်း ပါဝင်သော စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် ရပ်ကွက် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များက လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့အတွင်း လမ်းဘေး ဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်း များအား နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချသွားရန်၊ ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင်များအား နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ ရောင်းချသွားရန်နှင့် မြန်အောင်မြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လမ်းဘေး အစားအသောက် ရောင်းချသည့် ဆိုင်များအား နံနက် ၆ နာရီမှ ည ၇ နာရီအထိ (Take-Away)(ပါ ဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်