ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်  ၊  စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦသစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ယမန်နေ့ နံနက် ၉နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည််။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြိုင်နှင့် ဦးဆန်းဝင်း(Third Party)တို့သည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အတွင်းရေးမှူး ဦးမြင့်အောင်သိန်း (ဦးစီးအရာရှိ)တို့ နှင့်အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၅၀ဒသမ၀၆) ကျပ်သန်းဖြင့် တည်ဆောက်သည့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (အလျား ၄၈ပေ၊ အနံ ၃၆ပေ)RC တစ်ထပ်ဆောင် အဆောက်အဦသစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ယူတည်ဆောက်သည့် ရွှေခြံမြင့်မိုရ် တည်ဆောက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ဖြည့်စွက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။                      

သက်နောင်ဦး(ငါန်းဇွန်)