ရေဘေးကယ်ဆယ်ရေးတွင် ပါဝင်ကူညီခဲ့ကြသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက်ကုန်များလှူဒါန်း

မြန်အောင် စက်တင်ဘာ ၂၉

လူငယ်ဖွံ့ဖြိုးရေးပရဟိတကလေးများဂေဟာ ပရဟိတမျောက်ချောကုန်းကျောင်းတိုက် ဆရာတော် အရှင်ပညာစာရနှင့် မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့ (Starfish Pickers)တို့မှ မြန်အောင်မြို့ ရေဘေးကယ်ဆယ်ရေး တွင်ပါဝင်ကူညီခဲ့ကြသော မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့နံနက်က ညောင်မြစ်ဆွဲ အရန်မီးသတ်ရုံးတွင် စားသောက်ကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များအတိုင်း ပရဟိတမျောက်ချောကုန်းကျောင်းတိုက် ဆရာတော် အရှင်ပညာစာရ မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့အား တစ်ဦးလျင် ဆန် ၆ ပြည် ၊ ဆီ ၁ လီတာ ၊ ၅၀၀၀ ကျပ်နှင့် မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့ (Starfish Pickers)မှ ဦးသောင်းထွဋ် ဦးဆောင်သောအဖွဲ့မှ ဒန်ပေါက်တစ်ဘူး၊ အချိုရည် ၁ ဘူးတို့ကို စနစ်တကျ လှူဒါန်းပေးခဲ့ကြသည်။

ရေဘေးကယ်ဆယ်ရေးတွင်ပါဝင်ကူညီခဲ့ကြသော မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲ ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့ ဝင်များအား လှူဒါန်းရာတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်း ကမ်းချက်များအတိုင်း ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုဝင်းတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)