မိုးနဲမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်များတွင် မျိုးကွဲ နုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်

မိုးနဲ   စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (DU-12) မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက မျိုးကွဲနုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက မြို့နယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(ဆီဆုံ)၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် စိုက်ပျိုးထားသော (DU-12)မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် စစ်ဆေးခြင်း၊ ပေါင်းမြက်ကင်းစင်ရေးနှင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးကွဲနုတ်ပယ်ရခြင်းမှာ မျိုးစေ့ထုတ်စံပြကွက်များ အထွက်နှုန်းတိုးတက်စေရေး၊ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် ထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကွဲစစ်ဆေးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် (DU-12) မိုးစပါး Rs to Cs မျိုးစေ့ထုတ် စုစုပေါင်းဧက ၆၀ ကို  နမ့်မော်ဆွမ့် ကျေးရွာအုပ်စုနှင့် နောင်မြိုင်းကျေးရွာအုပ်စုရှိ တောင်သူ ၃၅ ဦးတို့က စိုက်ပျိုးထားရှိကြပြီး ယခုနှစ် မိုးစပါး စိုက်ပျိုးဧကပေါင်း (၁၁၈၃၆)ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)