အိမ်မဲမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသူ (၃၅)ဦး၏ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်

အိမ်မဲ  စက်တင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသူ (၃၅)ဦး၏ ဓာတ်ခွဲနမူနာများကိုရယူ၍ အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အသွားအလာ ကန့်သတ်ထားသူ အ-ထ-က(၁ )အိမ်မဲမှ Facility Quarantine Camp တွင် (၁၇)ဦး၊ ရွာသစ်(အ-ထ-က)ရှိ Facility Quarantine Camp တွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသောသူ(၁၁)ဦး၊ ခေါင်လံကုန်းကြီး(အ-ထ-က)ရှိ Facility Quarantine Camp တွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသောသူ (၂)ဦး၊ အိမ်မဲဆေးရုံ Hospital Quarantine Camp မှ (၅)ဦး စုစုပေါင်း (၃၅) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဓာတ်ခွဲနမူနာများ၏ အဖြေများအားသိရှိရပါက အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)