ဇေယျာသီရိ အောက်တိုဘာလ ၂
ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာထားရှိမှုအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ၊ ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေး ခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မဲစာရင်း ကပ်ထားကြေညာထားရှိမှုကို ပြည်သူများအား အသိပေးကြေညာသွားရန် ၊ မဲဆန္ဒရှင်များ မှတ်ပုံတင်လိုအပ်နေမှု အခြေအနေ များကို သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ရေးနှင့် မဲဆန္ဒရှင်များ မဲပေးရာတွင် အခက် အခဲမရှိစေရေးစသည်တို့ကို မှာကြားခဲ့ပါသည်။ ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၃)အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၇၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း (၇၉၀၂၉)ဦးခန့် ရှိကြောင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်သူစိုးထံမှသိရသည်။
သဲစုလွင်(ဇေယျာသီရိပြန်/ဆက်)