သိန္နီ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို သိန္နီမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်လွင်က အဖွင့်အမှာစကားပြီး သင်တန်းဖွင့်လှစ်မှု အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လိုက်နာရမည့် စည်းကမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အထူးရဲသင်တန်းသား(၆၀)ဦးဖြင့် သင်တန်းကာလ(၂၈)ရက်ကြာမြင့်မည်ဖြစ်ပြီး စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုးချို (ပြန်/ဆက်)