နမ့်ဆန်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကျေးရွာများသို့ကွင်းဆင်း၍ အသိပညာပေး နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေ

 

နမ့်ဆန် ဩဂုတ် ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်‌ခြေနီအသင်းခွဲက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာရှိမိဘပြည်သူများ လိုက်နာ သိရှိနိုင်အောင် အသိပညာပေး နံရံကပ် ပိုစတာများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခန့်က နမ့်ဆန်မြို့နယ် တောင်ကျော် (အောက်)၊ တောင်ကျော်(ထက်) ကျေးရွာသို့ ကွင်းဆင်း လှုပ်ရှား ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

“နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများက ကိုဗစ်-၁၉ကာလတွင် မလိုအပ်ပဲ အိမ်ပြင် မထွက်ကြဖို့၊ မဖြစ် မနေအပြင်သွားမည်ဆိုပါက Mask တပ်ပြီးမှသာ သွားလာကြဖို့နှင့် အပြင်ထွက်ပြီးပြန်လာတိုင်း လက်ကို စနစ် တကျဆေးကြောပေးခြင်း စသည့်စည်းကမ်းချက်များကို ကျေးရွာတွင်ရှိနေသည့် မိဘပြည်သူများတို့က သိရှိ လိုက်နာနိုင်ဖို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ MRCS(BRIC) စီမံချက် အနေဖြင့်” ကွင်းဆင်း ဆောင်ရွက် ခဲ့တာ ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ BRIC စီမံချက်အရာရှိထံမှသိရသည်။ 

ထို့သို့ကွင်းဆင်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ BRIC စီမံချက်အရာရှိ ဒေါ်စုစုလှိုင်နှင့် ကြက်ခြေနီ သူနာပြု အဖွဲ့ဝင်တို့  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အတွက် ကျေးရွာ (၁၂)ရွာ ကို ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေ ပေးခြင်း၊ ကျေးရွာပြည်သူများက ကျန်းမာရေးအသိပညာများရရှိစေရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော် ခြင်း လုပ်ငန်းကို အရှိန်မြင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုအောင်မိုး(ရွှေဖီမြေ)