လမိုင်း အောက်တိုဘာ ၂
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် COVID -19 ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံငွေများကို လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင် များက COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လမိုင်းမြို့ မြို့မ(၃) ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၇၅)စုအား ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ ကြောင်း သိရသည်။
တင်ဇာစိုး(ပြန်/ဆက်)